Versatile Hub

ဝဋ်ကြွေးများ အကြွေးများ ကြေတဲ့ဝဋ်ကြွေးဘုရား လိုရာဆုတောင်းပီးရှဲပါ

ဆုတောင်းပြည့်တယ် လို့တင်ထားတာမကြာခဏ တွေ့နေရလို့ စိတ်ဝင်စားလာပြီး စုံစမ်းမိပါတယ်။စုံစမ်းသိရှိရတာကတော့အကြွေးကြေဘုရား ကို ဘားအံမြို့ကော့ဂွန်းဂူတွင်ဖူးမြော်နိုင်ပြီး မုတ္တမ မိဘုရားကြီးမှ ပုန်းအောင်းနေရစဉ် ကာလအတွင်း ဝေဒနာ ဝဋ်ကြွေးများ ကြေစေရန် အကြွေးကြေဘုရားအားထုလုပ်ကိုးကွယ်ခဲ့ခြင်းဖြစ်ကြောင်း သိရသမျှ ရေးသားလိုက်ရပါတယ်။







Google ရဲ့ လူသိနည်းသော လျိုဝှက်ချက်

လူတိုင်း Google ကို တစ်ခုခု သိချင်တဲ့အခါ ရှာ ချင်တဲ့အခါ သုံးလေ့ရှိကြပါတယ်၊ ဒါပေမဲ့ အများစုက သေချာစွာ သိရှိခြင်း မရှိသေးပါဘူး။ အဲ့အတွက်ကြောင့် ဒီနေ့ Google စနစ်တကျအသုံးပြုနည်းကို မျှဝေပေးလိုက်ပါတယ်။

Google Web Search (Tips and Tricks)

1. စာအုပ်တစ်အုပ်ကို PDF file format ဖြင့်ရှာဖွေလိုပါက filetype:pdf ဟု ထည့်သွင်းရေးသားပြီးရှာဖွေနိုင်ပါသည်။
ဥပမာ- Marketing filetype:pdf

2. အချို့စကားလုံးများကို မိမိရှာဖွေသည့် အဖြေရလဒ်အတွင်း ထည့်သွင်းမဖော်ပြလိုပါက (အနုတ်လက္ခဏာ)ခံပြီးရှာဖွေနိုင်မည်။
ဥပမာ- restaurant-japan (Japan စားသောက်ဆိုင်မရှာရန်လုပ်ဆောင်ခြင်းဖြစ်သည်။)

3. တစ်မျိုးမဟုတ်တစ်မျိုး တစ်ခုခုကို ရှာဖွေမှု ရလဒ်မှာထည့်သွင်းဖော်ပြစေလ်ိုပါက OR ခံပြီးရှာဖွေနိုင်မည်။
ဥပမာ- Apple OR Orange

4. Google တွင် အင်္ဂလိပ်ဘာသာမှ အင်္ဂလ်ိပ်ဘာသာသ်ို့ အဓိပ္ပါယ်ဖွင့် ဆိုချက်ကို ရှာဖွေလိုပါက "Define”ကို အသုံးပြုနိုင်မည်ဖြစ်သည်။
ဥပမာ- Define Drone

5. ကိုယ်ရှာဖွေလိုတဲ့အကြောင်းအရာရဲ့ စာလုံးပေါင်းမသိဘူးဆိုရင် “*” ကို အသုံးပြုပြီးရှာဖွေနိုင်မည်ဖြစ်သည်။
ဥပမာ- electroni*s

6. ရှာဖွေမှုရလဒ်မှာ ကိုယ်ရှာချင်တာကိုရေးထားတဲ့အတိုင်း အတိအကျရှာဖွေဖို့အတွက်ဆိုရင်တော့ “ “ ကို အသုံးပြုပြီးရှာဖွေနိုင်မည်။
ဥပမာ- " Electronic “

7. Google မှာ Graph ရေးဆွဲလိုပါက ကိုယ်ရေးဆွဲမည့် Graph ​၏ ညီမျှခြင်းကို ရိုက်ထည့်ပြီး လုပ်ဆောင်နိုင်မည်ဖြစ်သည်။

၈။ Website တစ်ခုကနေ မိမိရှာဖွေလိုတာကို Google အသုံးပြုပြီး ရှာဖွေဖို့ဆိုရင် site:easy devboards.com Bluetooth ဟု ရိုက်ထည့်ပြီး ရှာဖွေနိုင်မည် ဖြစ်သည်။

၉။ အင်တာနက် ဆက်သွယ်မှု မရှိစဉ် ယခင်ရှာဖွေထားသည့် ရှိပြီး Cache များကို ပြန်လည်ကြည့်ရှုလိုပါက cache: ကို ခံပြီးရှာဖွေနိုင်မည် ဖြစ်ပါသည်။
ဥပမာ။ cache:easydevboards.com

Advanced Google Web Search

ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များ နောက်ထပ်မံပြီး Webpage များတွင် ရှာဖွေခြင်းနှင့် ပတ်သက်သည့် အချက်အလက်များကို သိရှိထားရန် လိုအပ်ပေသည်။

- စကားလုံးတိုင်းသည် ရှာဖွေမှုတိုင်းတွင် အရေးပါသည်ကို သတိပြုပါ။ who, the who, a who သုံးမျိုးကို ရှာဖွေကြည့်ပါက ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်ရမည် ဖြစ်ပါသည်။

- အကြောင်းအရာများကို ရှာဖွေရာတွင် စကားလုံး ရှေ့နောက်အထားအသိုသည်လည်း မှန်ကန်ရန် လိုအပ်ပါသည်။ ဥပမာအားဖြင့် blue sky, sky blue အထားအသို နှစ်ခုအပေါ်တွင် ရှာဖွေမှုရလဒ် မတူညီသည်ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

- မိမိရှာဖွေလိုသည့် စကားလုံးများကို စာလုံးအကြီးဖြင့်ဖြစ်စေ၊ စာလုံးအသေးဖြင့်ဖြစ်စေ ရေးသားနိုင်ပါသည်။ ရလဒ်ကွဲပြားမှု မရှိနိုင်ပါ။

- comma (,) ကဲ့သို့သော စာလုံးများကို မည်သို့ပင် ထည့်သွင်းစေကာမူ အရေးမကြီးလှပေ။

- သို့သော် အချို့သော C#, C++, Google+ စသည်ဖြင့် Programming language အမည်များ နောက်တွင် တွဲလျက်ပါသည့် # သို့မဟုတ် + စသည်တို့မှာ အရေးပါသည်ကို သတိပြုရန် လိုအပ်ပေသည်။

ရံဖန်ရံခါ မိမိရှာဖွေသည့် အချက်အလက်များကို မတွေ့ဘဲ လည်နေခြင်းမျိုး ကြုံလာပါက Keyword လွဲမှားခြင်းကြောင့် ဖြစ်နိုင်ပါသည်။ Keyword ကို ပြောင်းလဲရှာဖွေ ကြည့်နိုင်ပါသည်။

ရှာဖွေမှုရလဒ်များ

တစ်စုံတစ်ခုကို ရှာဖွေမည်ဆိုပါက ကြော်ငြာများကိုလည်း ရလဒ်များတွင် ထည့်သွင်းဖော်ပြထားသည်ကို တွေ့မြင်ရမည် ဖြစ်သည်။

အဓိက မိမိရှာဖွေသည့် ရလဒ်အဖြေကိုသာ တိုက်ရိုက်ဖတ်ရှုဖို့ လိုအပ်မည် ဖြစ်ပါသည်။ Search Bar ၏ အောက်ဘက်ရှိ Filter တွင် Web, image, maps, shopping စသည်ဖြင့် မိမိလိုအပ်သည့်အရာကို ရွေးချယ်နိုင်ပါသည်။ ပုံများကိုသာ ရှာဖွေလိုပါက image ကိုရွေးချယ်နိုင်ပါသည်။ ရှာဖွေသည့် စကားလုံးကလည်း အတိအကျရှိမည်၊ Google ဘက်ကလည်း ရလဒ်ရှိမည် ဆိုပါက Knowledge အနေနှင့် ဘေးဘက်တွင် သီးခြားပြသထားခြင်းမျိုးလည်း ရှိပါသည်။ အထူးသဖြင့် နေရာများကို ရှာဖွေရာတွင် သီးခြားပြသမှုများကို မြင်တွေ့ဖတ်ရှုနိုင်မည် ဖြစ်ပါသည်။

Advanced Searching

Advanced Searching ကို နည်းလမ်းနှစ်မျိုးဖြင့် အသုံးပြုနိုင်မည် ဖြစ်သည်။

၁။ Advanced Search page
ဒီနေရာမှာ ပုံတွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_image_search တွင် ရှာဖွေနိုင်မည် ဖြစ်ပြီး၊ Website တွေကို ရှာဖွေဖို့ လိုအပ်တယ် ဆိုရင်တော့ https://www.google.com/advanced_search တွင် ရှာဖွေနိုင်မည် ဖြစ်ပါသည်။

၂။ ဒုတိယ နည်းလမ်းတစ်ခု အနေနှင့် Operator များကို အသုံးပြုပြီးလည်း ရှာဖွေနိုင်မည် ဖြစ်ပါသည်။ Operator List များကို https://support.google.com/websearch/answer/2466433 ဤလင့်ခ်တွင် ကြည့်ရှုနိုင်မည် ဖြစ်ပြီး Operator များ အကြောင်းကို အထက်တွင် Tips and Tricks အနေနှင့် ဖော်ပြပြီး ဖြစ်ပါသည်။

စာအုပ်များ ရှာဖွေခြင်း

မိမိဖတ်ရှုလိုတဲ့ စာအုပ်တွေကို ရှာဖွေမည် ဆိုပါက Google Book မှတစ်ဆင့် ရှာဖွေပါက အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ ယင်းအပြင် Google Book တွင် စာအုပ်တစ်အုပ်လုံးကို မဟုတ်သော်လည်း အချို့အစိတ်အပိုင်းများကို နမူနာဖတ်ရှုခွင့် ပေးထားသည့်အတွက် စာအုပ်ရှာဖွေ ဒေါင်းလုပ်ရယူမည့်သူများ အတွက် အထူးပင် အဆင်ပြေစေနိုင်မည် ဖြစ်ပါသည်။ https://books.google.com/ တွင် စာအုပ်များကို ရှာဖွေနိုင်မည် ဖြစ်ပါသည်။

နမူနာအနေနှင့် Wireless Communication နှင့် ပတ်သက်သည့် စာအုပ်စာတန်းများ ရှာဖွေလိုပါက အထက်ပါလင့်ခ်တွင် Wireless Communication ဟု ရိုက်ထည့်ပြီး ရှာဖွေပါက စာအုပ်စာတမ်းများ ကျလာမည် ဖြစ်သည်။ ယင်းစာအုပ်များ၏ လင့်ခ်တွင် https://books.google.com/books?isbn=_______ ဟု ဖော်ပြထားမည် ဖြစ်သည်။ ယင်းကွက်လပ်နေရာတွင် ဂဏန်းများပါရှိမည် ဖြစ်ပြီး ယင်းနံပါတ်များသည် အပြည်ပြည်ဆိုင်ရာသုံး စာအုပ်နံပါတ် (ISBN) ဖြစ်သည်။

အကယ်၍ မိတ်ဆွေ၊ သူငယ်ချင်းများက စာအုပ်တစ်အုပ်ကို ညွှန်းပါက ISBN ကို ကွက်လပ်နေရာမှာ ရိုက်ထည့်ပြီး အလွယ်တကူ ရှာဖွေနိုင်မည် ဖြစ်ပါသည်။ ISBNနံပါတ်တွေကို စာအုပ်တွေရဲ့ ရှေ့ဆုံးစာ မျက်နှာမှာလည်း တွေ့မြင်နိုင်မည် ဖြစ်ပါသည်။

စာအုပ်များကို ဖတ်ရှုပြီးပါကလည်း စာအုပ်ကို မိမိ Library တွင် သိမ်းဆည်းထားနိုင်မည် ဖြစ်သည်။ Google Account လိုအပ်မည်ဖြစ်သော်လည်း ကျောင်းသားအများစုက gmail အသုံးပြုတာကြောင့် Google Account ရှိပြီး ဖြစ်ပေလိမ့်မည်။

Library အတွင်း သိမ်းဆည်းထားခြင်းဖြင့် မိမိဖတ်ရှုပြီး စာအုပ်များကို မှတ်သားထားနိုင်ပြီး ဖတ်ရှုရန် လိုအပ်သည့် စာအုပ်များကိုလည်း အလွယ်တကူ ကြည့်ရှုနိုင်မည် ဖြစ်ပါသည်။

အထက်ပါအချက်များကို Google မှာ လေ့လာရှာဖွေမည့် ကျောင်းသူ/သားများအတွက် အထောက်အကူဖြစ်ရန်အတွက် အသုံးများသောအချက်များကိုဖော်ပြလိုက်ရပါသည်။ တကယ်တော့ Google SE ကသင်တို့ထင်တာထက် အများကြီးကျယ်ပြန့်ပါတယ်။

Credit : Original Writer (Thanks for sharing)
#versatile hub


ပန်းပင်များ ဖူးပွင့်စေသော ဆေးနည်း

ပန်းပင်များ ဖူးပွင့်စေသော ဆေးနည်း
=====================100%

ပါဝင်ပစ္စည်း
(1) ကြက်ဥ- 1 လုံး
(2) ရေ တစ်လီတာ - 1 ဗူး
(3) ဗိုက်တာမင် ဘီဝမ်းဆေးခဲ - 5 လုံး
(4) ဟင်းခတ် အချိုမှုန့်လ်ဘက်စားဇွန်း - 1 ဇွန်းစာ

တစ်လီတာရေသန့်ဗူးတွင်းသို့ ကြက်ဥ တစ်လုံးဖောက်၍ အနှစ်ရောအကာပါထည့်ပါ။

ဟင်းခတ်အချိုမှုန့် လ်ဘက်စားဇွန်းတစ်ဇွန်းစာ ရောထည့်ပါ။

ဗိုက်တာမင်ဘီဝမ်းဆေးခဲ 5 ခဲကိုအမှုန့်ကြိတ်ပြီးရောထည့်ပါ။

အဖုံးပြန်ပိတ်၍ ပါဝင်သောအရာများပျော်ဝင်နှံ့စပ်သွားစေရန် ဗူးကိုနာနာလှုပ်ပေးပါ။

အသင့်အသုံးပြုနိုင်တော့မည့် ကြက်ဥစပ်ဆေးရပါပြီခင်ဗျာ။

အသုံးပြုပုံ

ရေတစ်ဂါလံလျှင် ဆေးရည် ( ထမင်းစားဇွန်း 2 ဇွန်းစာ )
ရောစပ်၍ တစ်လလျှင်တစ်ကြိမ် မည်သည့်အပင်မဆို
တစ်ပင်လုံးအနှံ့ဖြန်းပေးလို့ရပါတယ်ခင်ဗျာ။

ဆေးရည်သိမ်းဆည်းပုံ

ရေသန့်ဗူးထဲတွင်သာထား၍ ဗူးအဖုံးကိုလေလုံအောင်ပိတ်ပြီး
နေရောင်တိုက်ရိုက်မထိတွေ့နိုင်သော အေးမြခြောက်သွေ့သောနေရာတွင်ထား၍ သိမ်းဆည်းနိုင်ပါတယ်။ သိမ်းဆည်းထားသည့်ရက် မည်မျှကြာပါစေ
အသုံးပြုနိုင်သော အစွမ်းထက်ပျော်ရည်စပ်ဆေးတစ်လက်ပါပဲခင်ဗျာ။

Credit - Original. Writer






🍀အားဖြည့် အချိုရည် သောက်သုံးခြင်း၏ ဆိုးကျိုးများ🍀

🍀အားဖြည့် အချိုရည် သောက်သုံးခြင်း၏ ဆိုးကျိုးများ🍀

အားဖြည့်အချိုရည် သောက်တဲ့အခါ အားဖြည့်အချိုရည်လို့ ဆိုတဲ့အတိုင်း ခန္ဓာကိုယ်မှာ ဆုံးရှုံးသွားတဲ့ခွန်အားနဲ့ သက်လုံကိုခဏတာ အားကောင်းစေတဲ့အပြင် အရသာဟာလည်း ချိုချိုအေးအေးလေးမို့ လူငယ်တွေကြားမှာ ရေပန်းစားနေခဲ့ပါတယ်။ ဒါပေမယ့် ကိုယ် ရရှိခဲ့တဲ့အကျိုးကျေးဇူးနဲ့ မညီမျှတဲ့ဆိုးကျိုးတွေကိုကော သိပြီးပြီလား??

.အားဖြည့်အချိုရည် အလွန်အကျွံ သောက်သုံးတာကြောင့် ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေကို ပြောရမယ်ဆိုရင်တော့-

👉အားဖြည့်အချိုရည်နဲ့ စိုးရိမ်ပူပန်းမှုတွေဟာ ဆက်စပ်နေတတ်ပါတယ်။ အားဖြည့်အချိုရည်မှာ အဓိက ပါဝင်တာကတော့ ကဖိန်း (Caffeine)ဓာတ်ပါ။ ကဖိန်းဓာတ်ဟာ စိုးရိမ်ပူပန်းမှုကို ဖြစ်စေတဲ့အပြင် ဂနာမငြိမ်လည်း ဖြစ်တတ်ပါတယ်။


👉အိပ်စက်ခြင်းကို ထိခိုက်စေပါတယ်။ အထူးသဖြင့် ညဘက်တွေမှာ အိပ်မပျော်တော့ပါဘူး။ ညနက်အထိ အလုပ်လုပ်နေရသူတွေ၊ ညပိုင်းကားမောင်းနေရတဲ့ သူတော်တော်များများ သောက်သုံးကြပါတယ်။ အိပ်မပျော်တာ ကြာလာတဲ့အခါ အာရုံ စူးစိုက်နိုင်စွမ်းတွေကို လျော့နည်းစေပါတယ်။


👉အကယ်၍ သင်ဟာ သင့်ကျန်းမာရေးအတွက် ဆေးတစ်မျိုးမျိုးကို စွဲသောက်နေရသူဆိုလျှင် အားဖြည့်အချိုရည်ဟာ သင်သောက်နေတဲ့ ဆေးတွေရဲ့အာနိသင်ကို ဖျက်ဆီးပစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးသောက်နေပေမယ့် ရောဂါမသက်သာတာမျိုးတွေ ဖြစ်တတ်ပါတယ်။


👉အားဖြည့်အချိုရည်မှာ သကြားပါဝင်မှု အလွန် များပြားပါတယ်။ ဒါ့ကြောင့် ရေရှည်သောက်သုံးသူတွေဟာ ဆီးချိုသွေးချိုရောဂါ ဖြစ်တတ်ပါတယ်။


👉ကဖိန်းဓာတ် ပါဝင်တဲ့အတွက် ဆေးလိပ်စွဲ ကော်ဖီစွဲသလို အချိုရည်ကိုလည်း စွဲလန်းတတ်ပါတယ်။


👉ကတုန်ကယင်ဖြစ်တာနဲ့ စိတ်လှုပ်ရှားတာကို ဖြစ်စေပါတယ်။ နောက်ပိုင်း ကြာရှည်စွာသောက်သုံးလာတဲ့အခါ စိတ်ကျရောဂါ ဖြစ်စေပါတယ်။


👉အချိုရည်သောက်သုံးတာဟာ အစာအိမ်နဲ့အူလမ်းကြောင်းကို သက်တောင့်သက်သာ မဖြစ်စေပါဘူး။ ဒါ့ကြောင့် ပျို့အန်တတ်ပါတယ်။


👉နောက်တစ်ခုက အားဖြည့်အချိုရည်မှာ ပါဝင်ပစ္စည်းများစွာ ဖြည့်သွင်းထားတဲ့အတွက်ကြောင့် ဓာတ်မတည့်မှုတွေ ဖြစ်ပေါ်စေပါတယ်။ အရေပြားမှာ အနီစက်တွေထွက်တာ၊ ယားယံတာ၊ အသက်ရှူရ ခက်ခဲတာ၊ မောပြီး ကျပ်လာတာ၊ မူးဝေပျို့အန်တာ၊ ဝမ်းလျှောတာ၊ ရင်တုန်တာစတဲ့ လက္ခဏာတွေကို ခံစားရမှာပါ။


👉အချိုရည်တွေ အလွန်အကျွံသောက်သုံးပါက ပြင်းထန် ခေါင်းကိုက်ဝေဒနာကို ခံစားရမှာပါ။ အများအားဖြင့် ခေါင်းတခြမ်း ဒါမှမဟုတ် နှစ်ဘက်စလုံး မခံမရပ်နိုင်အောင် ကိုက်ခဲတတ်ပါတယ်။


👉သဘာဝအချိုကို တုပပြုလုပ်ထားတဲ့ အရသာမှုန့်တွေ ထည့်သွင်းထားတာကြောင့် သွေးပေါင်ချိန် တက်စေပါတယ်။ ကြာရှည်စွဲစွဲမြဲမြဲ သောက်သုံးပါက လေဖြတ်တာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေ ဖြစ်ပွားတတ်ပါတယ်။


👉နောက်ထပ် အချိုရည်မှာ ပါဝင်တာကတော့ ဗီတာမင် ဘီ ၃ ပါ။ ဗီတာမင် ဘီ ၃ ဟာ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပြုပေမယ့် အချိုရည်တွေကို အလွန်အကြူး သောက်သုံးတဲ့ အခါမှာတော့ ဆိုးကျိုးတွေကိုသာ ရစေပါတယ်။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ဘီ ၃ အလွန်များလာခဲ့ရင် မူးဝေပျို့အန်တာ၊ ရင်တုန်တာနဲ့ ဝမ်းလျှောတာတို့ ဖြစ်တတ်ပါတယ်။


👉ခွန်အားဖြည့် အချိုရည်သောက်သုံးပြီးတာနဲ့ လန်းဆန်းတက်ကြွလာပါတယ်။ အဲ့ဒါဟာ သင့်ရဲ့ကိုယ်တွင်းအင်္ဂါတွေဖြစ်တဲ့ ဦးနှောက်၊ နှလုံး၊ အသည်း၊ ကျောက်ကပ်၊ အစာခြေ စနစ်စတာတွေမှာ လှုံဆော်မှုတွေ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် အချိန်ကြာကြာနဲ့ ပမာဏများများ သောက်သုံးလျှင် သင့်ရဲ့ကိုယ်တွင်းအင်္ဂါတွေကို ထိခိုက်စေပါတယ်။


👉သကြားဓာတ်မြင့်မားစွာ ပါဝင်တဲ့အတွက် အဝလွန်စေပါတယ်။


👉အချိုရည် သောက်သုံးတာဟာ အထက်ဖော်ပြပါရောဂါများ ဖြစ်ပွားစေတဲ့အပြင် နောက်ဆက်တွဲအနေနဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေပါတယ်။
သင့်ရဲ့ သက်လုံကောင်းမွန်မှုနဲ့ ဆုံးရှုံးသွားတဲ့ခွန်အားတွေ ပြန်လည်ရယူချင်ရင် အားဖြည့်အချိုရည်တွေကို မမှီဝဲဘဲနဲ့ ရေများများ သောက်ပါ။ အားကစားလုပ်ပါ။ မိမိကိုယ်တိုင် လတ်ဆတ်တဲ့ သစ်သီးတွေကို ဖျော်သောက်ပါ။ ဒီလိုတွေ နေထိုင်သွားမယ်ဆိုရင် ကျန်းမာတက်ကြွတဲ့ နေ့စဉ်ဘဝကို ရရှိစေမှာပါ။
Credit



အမြဲတမ်း Motivation ဖြစ်နေဖို့ ။

အမြဲတမ်း Motivation ဖြစ်နေဖို့ ။ ====================== လူတစ်ယောက်မှာ ဘယ်လိုအရည်အချင်း ၊ အတွေ့အကြုံ ၊ ဗဟုသုတ ၊ အခွင့်လမ်းတွေရှိနေပါစေ ကိုယ့်ရဲ့ ရင်ထဲကနေအောင်မြင်ချင်တဲ့စိတ်ကို လှို့ဆော်ပေးနေတဲ့စိတ်မရှိရင် ဘယ်တော့မှမအောင်မြင်နိုင်ပါဘူး။ ဒါကြောင့်အောင်မြင်ဖို့အတွက်ကိုယ့်ရဲ့ရင်ထဲကနေအမြဲတမ်း လှို့ဆော်ပေးနေတဲ့ Motivation လေးရှိနေပြီလားဆိုတာကို ဆန်းစစ်ကြည့်ပါအုံးနော်။ မရှိသေးဘူးဆိုရင်တော့ ဒီအချက်လေး (၃) ချက်ကိုလုပ်ကြည့်ပေးဖို့အကြံပြုချင်ပါတယ်။ ၁။ မေးပါ။ "ကိုယ်ဘဝမှာ ကိုယ်ဘာဖြစ်ချင်တာလဲ?" ဆိုတဲ့ဒီမေးခွန်းလေးကို ကိုယ့်ကိုယ်ကိုယ် အကြိမ်ကြိမ်မေးပေပါနော်။ ၂။ ရေးပါ။ အဖြေထွက်လာရင်တော့ စာအုပ်ထဲမှာ ချရေးထားပါ။ ကိုယ်ဖြစ်ချင်တဲ့အရာတွေအတွက်ကိုယ့်မှာ ဘာလိုအပ်ချက်တွေရှိသေးလဲဆိုတာကိုလည်းဆိုတာကိုပါ အသေးစိတ်ချရေးထားပါနော်။ ၃။ ဖတ်ပါ။ အဲ့ဒီရေးထားတဲ့ဒီစာအုပ်လေးကို ကိုယ့်ရဲ့ အနားမှာပဲမြင်သာအောင်ထားပါ။ ပြီးရင်မနက်တစ်ခါ ၊ နေ့လည်တစ်ခါ ၊ ညတစ်ခါအချိန်ရရင် ရလိုဖတ်ပေးပါ။ ဒါဆိုရင်တော့ ဘယ်သူမှ Motivation ပေးစရာမလိုပဲ သူ့အလိုလို အောင်မြင်ဖို့အတွက်စိတ်အား ထက်သန်နေပါလိမ့်မယ်။ ဒီနည်းလမ်းလေးကကျွန်တော့ကိုယ်တိုင်လက်တွေ့ကျင့်သုံးခဲ့တဲ့နည်းလမ်းလေးဖြစ်လို့မိတ်ဆွေတို့အတွက်လည်းအကျိုးရှိမယ်လိုယုံကြည်ပါတယ်။ အားလုံးပဲအနာဂတ်မှာအောင်မြင်ကြီးပွါးတိုးတက်ကြပါစေ... Credit


PayPal V7.26.0 APP Free Download

PayPal V7.26.0 Online မှာ ငွေရှာနေသူတွေအတွက်မဖြစ်မနေရှိထားသင့်တဲ့
PayPal App နောက်ဆုံးVersion

Technical file information

  • Package name:
     
    com.paypal.android.p2pmobile
  • Version:
     
    7.26.0 (1150073603)
  • File size:
     
    70.9 MB