ပန်းပင်များ ဖူးပွင့်စေသော ဆေးနည်း
=====================100%
ပါဝင်ပစ္စည်း
(1) ကြက်ဥ- 1 လုံး
(2) ရေ တစ်လီတာ - 1 ဗူး
(3) ဗိုက်တာမင် ဘီဝမ်းဆေးခဲ - 5 လုံး
(4) ဟင်းခတ် အချိုမှုန့်လ်ဘက်စားဇွန်း - 1 ဇွန်းစာ
တစ်လီတာရေသန့်ဗူးတွင်းသို့ ကြက်ဥ တစ်လုံးဖောက်၍ အနှစ်ရောအကာပါထည့်ပါ။
ဟင်းခတ်အချိုမှုန့် လ်ဘက်စားဇွန်းတစ်ဇွန်းစာ ရောထည့်ပါ။
ဗိုက်တာမင်ဘီဝမ်းဆေးခဲ 5 ခဲကိုအမှုန့်ကြိတ်ပြီးရောထည့်ပါ။
အဖုံးပြန်ပိတ်၍ ပါဝင်သောအရာများပျော်ဝင်နှံ့စပ်သွားစေရန် ဗူးကိုနာနာလှုပ်ပေးပါ။
အသင့်အသုံးပြုနိုင်တော့မည့် ကြက်ဥစပ်ဆေးရပါပြီခင်ဗျာ။
အသုံးပြုပုံ
ရေတစ်ဂါလံလျှင် ဆေးရည် ( ထမင်းစားဇွန်း 2 ဇွန်းစာ )
ရောစပ်၍ တစ်လလျှင်တစ်ကြိမ် မည်သည့်အပင်မဆို
တစ်ပင်လုံးအနှံ့ဖြန်းပေးလို့ရပါတယ်ခင်ဗျာ။
ဆေးရည်သိမ်းဆည်းပုံ
ရေသန့်ဗူးထဲတွင်သာထား၍ ဗူးအဖုံးကိုလေလုံအောင်ပိတ်ပြီး
နေရောင်တိုက်ရိုက်မထိတွေ့နိုင်သော အေးမြခြောက်သွေ့သောနေရာတွင်ထား၍ သိမ်းဆည်းနိုင်ပါတယ်။ သိမ်းဆည်းထားသည့်ရက် မည်မျှကြာပါစေ
အသုံးပြုနိုင်သော အစွမ်းထက်ပျော်ရည်စပ်ဆေးတစ်လက်ပါပဲခင်ဗျာ။
။
Credit - Original. Writer




0 comments:
Post a Comment